Saturday, November 23, 2013

" ညရဲ့ လ"


" ညရဲ့ လ"

လရောင်...
ညအမှောင်ကိုအံတု
အေးမြမှုနဲ့ ကျက်သရေ
တင့်တယ်စေတဲ့ သု့ သဘော...။

လင်းအရုဏ်နေအထွက်
တောက်ပတဲ့နေ့ ရက်ဆီ
ဦးတည်နေရပေမယ့်
လထွက်တဲ့ညဖက်ကို
ပိုလို့ နှမြော...။ ။
ထွန်းထွန်း (ဂီတမိတ်)
30th Oct 2013 ( 12:00 pm) Bangkok

"သုံးသပ်ချက်"

"သုံးသပ်ချက်"

နေ့ စဉ်နဲ့ အမျှ
တွေ့ မြင်ခဲ့ရ
တဒင်္ဂဘ၀တွေ..
ဘာများထူးခြားနေသလဲ...။
ရှင်သန်ဖို့ ထက်
အမြင်မှန်ဖို့ ခက်
အသက်ထက်ဆုံး
ဒီလိုနဲ့ တော့ အရှုံးမခံချင်...။
ဘ၀တဏှာနဲ့ 
ဝိဘ၀တဏှာ
စွဲမိစွဲရာ
ဘယ်အခါဆုံးပါလိမ့် ...။
သိလည်းမသိ
သိလည်းမသိချင်
သိအောင်လည်းမကြိုးစား
အင်း...နှုတ်ဖျားကတော့တဖွဖွ
အဟုုတ္တရားက်ေတာ့မွုဳန္ပ်ပ်
ထုတ်ကြွားချက်ကလွန်အားရ....။ ။
ထွန်းထွန်း(ဂီတမိတ်)
3rd Oct 2013 ( 10:47 pm)

Tuesday, November 12, 2013


"ဒေါင်းပျိုမေ"

November 12, 2013 at 2:16am
နှင်းဆီနီပန်တစ်ပွင့်နဲ့ 
အလံလွှင့်ကမ္ဘာကျယ်၊။

သူ့ မူဟန်တမူခြား
ဝင့်ကြွားပေတယ်...။

ပွင့်ဖတ်သာနွမ်းကြွေမယ်
ပန်းလေတယ်ရှိဘူး...။

ဒေါင်းပျိုမေ ခေါင်းကိုမော့
စိတ်အားဘယ်မလျှော့တယ်
နှောလေပြေတွန်သံချိုဖို့ 
ကြိုကြစို့ အထူး.......။    ။

Monday, September 30, 2013

“ချစ်ဦးသူ”


“ချစ်ဦးသူ”
ပန်းပွင့်တယ်ဆိုတာက
သဘာဝပေါ့…။
မွှေးပျံ့ တဲ့ပန်းရနံ့ကြောင့်
နမ်းမိပြန်တော့…။
စွဲမိပေါ့ကိုယ့်ရင်ဝယ်
ပန်ချင်တယ်စိတ်ကူး…။
သက်မဲ့သူအခြွေပန်းကိုဖြင့်
ကြွေနွမ်းတိုင်လည်မှာဆွဲ
မြဲဖို့ ရည်စူး…။   ။
 ထွန်းထွန်း ( ဂီတမိတ် )

Monday, September 16, 2013

“မေတ္တာမိုး”


မေတ္တာမိုး
ရွာပါလို့လည်းတို့မဆို
စိုလာလျှင်လည်း ၀မ်းမနည်း
တို့ရင်ထဲက တကယ့်ဆန္ဒ
မျှော်လင့်ချက်က ထာဝရ…။

( 16th Sep 2013  9:36 am )

“အစွမ်းအစ”


အစွမ်းအစ
ကြီးမားပင်စည် တုတ်ခိုင်စွာ
အပင်ကြီးက မြင့်မားလာ ။
လေတိုးသည်မှာ သဘာဝ
ကြံ့ ကြံ့ခံကာ တုန့်ပြန်ရ ။
သေးငယ်လှတဲ့ အပင်တွေ
လေတိုက်တိုင်းမှာ ယိမ်းနွဲ့ပေ ။
အန္တရယ်တွေ ရင်ဆိုင်ဖို့
ကိုယ်စွမ်းတာနဲ့ ရုန်းကန်စို့  ။   ။
(   14th Sep 2013 11:56 pm  )


“တိမ်ပန်းချီ”


တိမ်ပန်းချီ”
မိုးယံစွန်းတွင် တိမ်ခိုးဆင်
မြင့်မိုရ်ထင်မှား … ယုဂန်လား..။

သို့များမကြာ ရွှေ့လျားကာ
မာယာနဂါး မြွှေအလား..။

အို…သက်စွန့်ဆံဖျား တိမ်မင်းသားတည့်…
မျက်စိရှေ့မှောက် အံ့လောက်စရာ
သင့်ပညာသည် မမှီတုနှိုင်း
မြင်သူတိုင်းငေး ကိုယ်စီတွေးမိ
ပဟေဠိရှင် ဖြေငြှိချင်…
ဘယ်သူယှဉ်နိုင်ပါ့မလဲ…။
(   14th  Sep 2013---10:00  pm  )


Wednesday, September 11, 2013

"မိုးဥတုကြယ်စင်"

လျှပ်ရောင်ကျဲကျဲ
မိုးမည်းမည်းတွင်
အားအင်စိုက်ထုတ်
ဖွေးလှုပ်လှုပ်နှင့်
မိုးမြင့်ငွေကြယ်
အားနည်းတယ်လို့ 
တို့ မဆိုသာ...။

မိုးကိုတွန်းလှန်
တိမ်ကိုအံတု
မနုပြုသမျှ
သူ့ ဘ၀တွက်
တလက်လက်လင်း
တချင်းချင်းထိန်
တမှိန်မှိန်လည်း
သူ့ ဇွဲမလျှော့
တိမ်ညိုဖျော့လျှင်
ရုတ်ချည်းမြင်သည်
ကြယ်စင်သုစွမ်းနိုင်သမျှ...။   ။
             ထွန်းထွန်း(ဂီတမိတ်)
          ည... ၁၁း၀၅ နာရီ  9th Sep 2013

Saturday, April 27, 2013

ရွှေငါး...



ရွှေငါး...

ရွှေငါးတွေအလှမွေး၊
ကန်ထဲမှာတော့အေးမယ်ထင်…။
သင်လည်းလေဘောင်တွေကြားမှာ
စိန်တွေသာဆင်လို့ ထား…။
စိတ်လိုရာကိုယ်မသွား ရင်
ပျော်ပါ့မလား…။  

Monday, March 25, 2013

အတာဦး



အတာဦး

ပန်းပိတောက်တွေ ငုံရှာပေါ့
သင်္ကြန်လေညှင်းနှော့…။
တစ်ကြော့ နှစ်ကြော့ တေးဆိုသီ
နှစ်သစ်ကူးလေပြီ။
နွေတေးသီတဲ့ ငှက်ဥသြ
လွမ်းသံဖြည့်စွက်နှော…။
သဘောပြည့်တဲ့ငုရွက်စို
အတာဦးကိုကြို…။
မုန့် လုံးကျို ဖို့ ထန်းလျက်တောင်း
ရေစိုစက်လက်လောင်း…။  

တို့ရွာသင်္ကြန်



တို့ရွာသင်္ကြန်


နွေးဦးပေါက်နဲ့ ပိတောက်ဝါ
လှိုက်ဖက်ညီစွာ သင်းထုံကာ။
အတာကူးပွဲ တို့ရွာထဲ
ပျော်ရွှင်မစဲ တူယှဉ်နွဲ။
အိုးမည်းသုတ်တဲ့ ကိုတုတ်တို
ငရုတ်သီးကို ကိုက်လို့ငို။
ရွာပျိုတစ်သင်း လွန်ပွင့်လင်း
သင်္ကြန်သီချင်း ကခုန်ရင်း။     

တပေါင်းပွဲတော်သို့ အလွမ်း



တပေါင်းပွဲတော်သို့ အလွမ်း

လတပေါင်းမို့
ခညောင်းညီလာ
အေးရိပ်သာ
နွေစရိုက်လှစ်
သာသည့်ခေတ်တွင်
ပြုံးရွှင်ဆင်မြန်း
လှကြစမ်းဗျ
သောင်းသောင်းဖျလျှင်
စည်ပင်ညွှတ်ကျ
ပရွက်ဝသို့
ဖူးစို့ဘုရား
သွားစို့ဈေးဝယ်
ဓလေ့ငယ်နွှဲ
ဘုရားပွဲတဲ့
အားခဲခဲ့ရ
ငယ်ဘ၀ကို
အောက်မေ့ပိုသည်
ဝေးနယ်ဆီမှ အလွမ်းတေး…။