Tuesday, April 21, 2020

"ဆောင်းမနက်ခင်း"
နှင်းမကွဲခင်က
လင်းဆဲအရုဏ်မှုန်သလောက်ဟာဖြင့်
ကုန်ပျောက်မယ်ဘယ်မထင်။
ဆေးမှင်ရည် ပန်းချီရေးရင်ဖြင့်
တွေးထင်သည်အတည်ငေးစရာပ
အေးလိုက်မယ့်ဖြစ်အင်။
ချစ်စမ်းစေချင်
ညစ်နွမ်းကာလူမဖျက်ခင်က
တူယှက်ကာငှက်မောင်နှံတို့
သောင်ယံမှာ ဘာသာမြူးကြတယ်
ထူးတဲ့မြင်ကွင်း။
ရေစက်ရယ်ဆုံ
မသွေဖက်ပုံရဂုံတွင်းမှာလ
ကြုံလေတယ် ဘုံဘွေခင်းချက်ရယ်...ကွယ်
ဆောင်းမနက်ခင်း...။
ထွန်းထွန်း(ဂီတမိတ်)

"၂၀၁၆  နွေအကြို"

နွေမရောက်ခင်က
ရေသောက်စရာခြောက်ကာခမ်းလေသတဲ့
လွမ်းမပြေ စမ်းရေကလည်း နည်းရှာပေါ့
ပွဲခါအတာတော့ တို့ဆင်ခြင်။

အပူလှိုင်းပါတဲ့ 
လူတိုင်းကိုယ်စီညည်းသလောက်ကာဖြင့်
မီးတောက်ပမာထင့်တရှိန်ရှိန်
တမှိန်မှိန်ပေါ့ လျပ်စစ်မီး။

ဘယ်လိုညည်းသော်လည်း
ဘယ်နည်းဘယ်ပုံနေဖို့
ဥာဏ်ယှဉ်ကာသတိကြီးစွာဖြင့်
သက်ရှည်ကာအနာမဲ့စေမှ
တို့ပြည်သူအပူကင်းမှာနော်ကွယ်...
ခေတ်သစ်အခါကြီး။
ထွန်းထွန်း(ဂီတမိတ်)