Monday, February 9, 2015

”ပတ္တမြားမြေ မိုးကုတ်မြို့”


 ”ပတ္တမြားမြေ မိုးကုတ်မြို့”

တောင်ပေါ်မှာတည်တဲ့ မြို့
တိမ်တွေနဲ့ ဖုံးလို့ ကာ။
ရှုလေရာ သာဘိခြင်း
နှင်းငွေ့ ဝေဖြာ။
မြေတွင်း က သူ့ ရတနာ
ကမ္ဘာကိုဆင်သ...။
ပတ္တမြားနီလာနဲ့
ရောင်စုံဖြာအညံ့ပန်းတွေ
ထူးကဲပေစွ  ။   ။( used in )Putet

လွမ်းသူ့ ရင်တွင်း


လွမ်းသူ့ ရင်တွင်း
*နားထောင်နေတယ်လေ…
 ကိုယ်ကြားသရွေ့ပေါ့….
 အာရုံတွေဖြန့်ကျက်ပြီး
 မင်းအရိပ်တွေကို ခံစားနေမိတော့…။
*နံဘေးမှာ မင်းမရှိတော့ဘူးလို့
 သိလိုက်တဲ့ အဲဒီနေ့…
 ခုထိကို လက်မခံချင်သေးဘူး
 မေ့ လည်းမမေ့…။
*ဒီလိုနေ့တွေကို
  ကြိုးစားပြီး ရင်ဆိုင်ပါမယ်…
 ဒါပေမယ့်…
 မင်းကိုယ့်ဆီပြန်လာမယ်လို့တော့
 ကတိပေးသင့်တယ်…။   ။
ထွန်းထွန်း(ဂီတမိတ်)

”ပြည်ထောင်စုအဓိဌာန်”



”ပြည်ထောင်စုအဓိဌာန်”

တိုင်းရင်းသားတွေပေါင်းစုနေ
ငါတို့ မြန်မာပြည်။
ပင်လုံမြေမှာ ဂတိပြု
တို့ရဲ့ ပြည်ထောင်စု။
ရိုင်းပင်းမှုနဲ့ တွဲလက်ညီ
နိုင်ငံသစ်ကိုတည်...။
ငြိမ်းချမ်းမှုဆီအရောက်သွား
တို့ ရဲ့ ညီနောင်များ...။   ။

Monday, October 20, 2014

”စံပယ့်ဖြစ်အင်”


”စံပယ့်ဖြစ်အင်”
အပွင့်ရယ်ဖြူ…။
အနံ့မှာကြူကြူမွှေး
ရင်အေးစေသူ…။
နန်းသုံးဖို့တော်ဝင်ယူ
ဂုဏ်မြင့်သု့ပန်းမျိုး…။
အဖြစ်ဆိုးချင်တော့…
ပြစ်မျိုးမှဲ့ မထင်လည်း
ပန်စေချင်အပျိုဖျန်းမှာ
ဆံကေသာ အနေအထားရယ်က
ပန်စရာနေရာမှ မပေးနိုင်တော့
ခမျာမှာ တစ်ဂုဏ်ယိုင်ထောက်ဖွယ်
မြန်မာဆိုတာကို မယုံနိုင်လောက်တယ်
ပျောက်ကွယ်မှာစိုး…။  ။
ထွန်းထွန်း(ဂီတမိတ်)

Thursday, September 4, 2014

”ချောင်းကြည့်ပေါက်”



”ချောင်းကြည့်ပေါက်”

ကန့်သတ်ချက်ရှိတယ်ဆိုပေမယ့်
တိကျရှင်းလင်းတဲ့မြင်ကွင်းရှိတယ်
ပြောပလောက်အောင်မကျယ်လည်း
ဒီအထဲကနေတဆင့်
သင့်တင့်တဲ့အဖြေရနိုင်တယ်…
သေးငယ်တယ်လို့ ဆိုဦးမလား…။   ။
10:55 – pm  20th Aug 2014

Wednesday, August 20, 2014

”နှင်းစက်သမိုင်း”


နှင်းစက်သမိုင်း
ကိုင်းဖျားကနှင်းစက်
လေပြည်ရယ်သူနှိပ်စက်တော့
ကြွေရော့ပေါ့တစ်ရာသီ…။
ငှက်ပလီတွန်ကျူး
ခမျာအလွန်မြူးတာကြောင့်လည်း
စိုးနှောင့်ပါသည်…။
နွေဦးကမှုန်ရီရီ
ထုံးစံဖွဲ့တော့မမှီသေး…။
နှင်းငွေရည်သူအေးမြ
ဘဝရဲ့တခဏတာအလှ
နေခြည်ဖြာလေပြည်သာတိုင်း
ပင်ကိုင်းကိုနှုတ်ဆက်
သူ့အသက်ကိုစတေး…
သြော်…သူ့အသက်ကိုစတေး…။   ။

Tuesday, July 1, 2014

"တရုပ်စကားပန်း (သို့မဟုတ် ) အကြွေပန်း၏တန်ဖိုး"

"တရုပ်စကားပန်း (သို့မဟုတ် ) အကြွေပန်း၏တန်ဖိုး"

ပွင့်ဖတ်ရယ်ထူ
ုဖြူလို့သာဖွေး ။
အလယ်မှာရွှေရောင်ပြေးတော့
ချစ်စဖွယ်လေး ။
မွှေးရနံ့ လှိုင်အီအီ
ရှစ်ရပ်ဆီပြန့်သင်း ။
လေအဝှေ့မှာဖြင့်
နွေနေ့ကိုသူအံတု ပေ မယ့်
ပင်ခြေမှာဆင်လေသလားကွယ်တို့
စကားနွယ်သူ့အဆင်းကို
ဖြန့်လို့သာခင်း ။   ။