poems
Saturday, April 27, 2013
ရွှေငါး...
ရွှေငါး...
ရွှေငါးတွေအလှမွေး၊
ကန်ထဲမှာတော့အေးမယ်ထင်…။
သင်လည်းလေဘောင်တွေကြားမှာ
စိန်တွေသာဆင်လို့ ထား…။
စိတ်လိုရာကိုယ်မသွား ရင်
ပျော်ပါ့မလား…။
။
Monday, March 25, 2013
အတာဦး
အတာဦး
ပန်းပိတောက်တွေ ငုံရှာပေါ့
သင်္ကြန်လေညှင်းနှော့…။
တစ်ကြော့ နှစ်ကြော့ တေးဆိုသီ
နှစ်သစ်ကူးလေပြီ။
နွေတေးသီတဲ့ ငှက်ဥသြ
လွမ်းသံဖြည့်စွက်နှော…။
သဘောပြည့်တဲ့ငုရွက်စို
အတာဦးကိုကြို…။
မုန့် လုံးကျို ဖို့ ထန်းလျက်တောင်း
ရေစိုစက်လက်လောင်း…။
။
တို့ရွာသင်္ကြန်
တို့ရွာသင်္ကြန်
နွေးဦးပေါက်နဲ့ ပိတောက်ဝါ
လှိုက်ဖက်ညီစွာ သင်းထုံကာ။
အတာကူးပွဲ တို့ရွာထဲ
ပျော်ရွှင်မစဲ တူယှဉ်နွဲ။
အိုးမည်းသုတ်တဲ့ ကိုတုတ်တို
ငရုတ်သီးကို ကိုက်လို့ငို။
ရွာပျိုတစ်သင်း လွန်ပွင့်လင်း
သင်္ကြန်သီချင်း ကခုန်ရင်း။
။
တပေါင်းပွဲတော်သို့ အလွမ်း
တပေါင်းပွဲတော်သို့ အလွမ်း
လတပေါင်းမို့
ခညောင်းညီလာ
အေးရိပ်သာ
၌
နွေစရိုက်လှစ်
သာသည့်ခေတ်တွင်
ပြုံးရွှင်ဆင်မြန်း
လှကြစမ်းဗျ
သောင်းသောင်းဖျလျှင်
စည်ပင်ညွှတ်ကျ
ပရွက်ဝသို့
ဖူးစို့ဘုရား
သွားစို့ဈေးဝယ်
ဓလေ့ငယ်နွှဲ
ဘုရားပွဲတဲ့
အားခဲခဲ့ရ
ငယ်ဘ၀ကို
အောက်မေ့ပိုသည်
ဝေးနယ်ဆီမှ အလွမ်းတေး…။
။
Saturday, August 18, 2012
ှဗုဒ္ဓ
္ဓ သံယောဇဉ်ကင်း ၊ သူ့ ချစ်ခြင်းဖြင့်
လောကမြင့်အောင် ၊ သူစွမ်းဆောင်သည်
ဤမည်လောကသူရဲကောင်း.....။ ။
Friday, August 17, 2012
အလွဲ...
စိုက်တာကတစ်ပင်
ရှင်လာတော့တစ်မျိုး...။
လောကဓံထုအထောင်းကို
ဘယ်လိုပင်ဆုတွေတောင်းလည်း
ကောင်းချင်လျက်ဆိုး...။ ။
ထွန်းထွန်း ( ဂီတမီတ် )
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)