Tuesday, June 17, 2014

“ပန်းလည်ဆွဲ”

“ပန်းလည်ဆွဲ”

May 23, 2014 at 11:07pm

ပန်းကြွေတွေမြေမှာကောက်
ပန်းခြောက်တွေတစစီ
အလှသီလည်မှာဆွဲ
သူသာအမြဲဆင်နိုင်စေ…။  ။
25th April 2014 (  ဆဒုံး ရေတံခွန် )

“ဧရာ ကမ်းမှ အလွမ်းစာ”


“ဧရာ ကမ်းမှ အလွမ်းစာ”
 
မြစ်နှစ်လီ ချစ်ကြည်မှ
ဖြစ်တည်ရ ဒီ ဧရာ ။
ချစ်မေတ္တာ ရေစင်ဖျန်း
လန်းရပေတာ ။
ကျည်တွေကမိုးလိုဖြာ
ရွာတွေမှာ ပြာတွေဖြစ် ။
မျက်ရည်တွေဖြိုင်ဖြိုင်သွန်း
သောင်ထွန်းတဲ့ မြစ် … ။   ။

ညနေ ( ၆ )နာရီ  18th April 2014  နောင်နန်းရွာ - ဧရာဝတီမြစ်ဘေး- မြစ်ကြီးနားမြို့

“အညာနွေ”



“အညာနွေ”

နွေဂိမာန်အတာကူး
လေရူးက တချိုချို။

ရေညိုညို နန္ဒာမန်း
လွမ်းမိသကို။

ယဉ်ကျေးတဲ့ ပြည်ဗဟို
စည်တိုသံ မြိုင်မြိုင်ကြား။

စိန်ပန်းပြာငုရွှေများမှာ
ပိတောက်ဝါရောက်မလာသေးခင်
ကြိုနှင့်နေသလား။  ။          
 ( Pu Tet  ပါပြီး) 

“မေတ္တာရွာ”


“မေတ္တာရွာ”

ဧရာကမ်းနဘေး
ရွာကလေးသာသာ။
လေပြည်မှာနေခြည်ဖျန်း
လွမ်းမောဖွယ်ရာ။
ရိုးသားကြသူတို့ မှာ
ချစ်မေတ္တာအပြည့် ။
မြင်ရာရာ ရင်မှာမချိဘဲ
သင်စရာပညာမသိလည်း
အကြင်နာတော့အတိ ။   ။    (  6:20 pm 18th April 2014 နောင်နန်းရွာ = မြစ်ကြီးနား )

Saturday, November 23, 2013

" ညရဲ့ လ"


" ညရဲ့ လ"

လရောင်...
ညအမှောင်ကိုအံတု
အေးမြမှုနဲ့ ကျက်သရေ
တင့်တယ်စေတဲ့ သု့ သဘော...။

လင်းအရုဏ်နေအထွက်
တောက်ပတဲ့နေ့ ရက်ဆီ
ဦးတည်နေရပေမယ့်
လထွက်တဲ့ညဖက်ကို
ပိုလို့ နှမြော...။ ။
ထွန်းထွန်း (ဂီတမိတ်)
30th Oct 2013 ( 12:00 pm) Bangkok

"သုံးသပ်ချက်"

"သုံးသပ်ချက်"

နေ့ စဉ်နဲ့ အမျှ
တွေ့ မြင်ခဲ့ရ
တဒင်္ဂဘ၀တွေ..
ဘာများထူးခြားနေသလဲ...။
ရှင်သန်ဖို့ ထက်
အမြင်မှန်ဖို့ ခက်
အသက်ထက်ဆုံး
ဒီလိုနဲ့ တော့ အရှုံးမခံချင်...။
ဘ၀တဏှာနဲ့ 
ဝိဘ၀တဏှာ
စွဲမိစွဲရာ
ဘယ်အခါဆုံးပါလိမ့် ...။
သိလည်းမသိ
သိလည်းမသိချင်
သိအောင်လည်းမကြိုးစား
အင်း...နှုတ်ဖျားကတော့တဖွဖွ
အဟုုတ္တရားက်ေတာ့မွုဳန္ပ်ပ်
ထုတ်ကြွားချက်ကလွန်အားရ....။ ။
ထွန်းထွန်း(ဂီတမိတ်)
3rd Oct 2013 ( 10:47 pm)

Tuesday, November 12, 2013


"ဒေါင်းပျိုမေ"

November 12, 2013 at 2:16am
နှင်းဆီနီပန်တစ်ပွင့်နဲ့ 
အလံလွှင့်ကမ္ဘာကျယ်၊။

သူ့ မူဟန်တမူခြား
ဝင့်ကြွားပေတယ်...။

ပွင့်ဖတ်သာနွမ်းကြွေမယ်
ပန်းလေတယ်ရှိဘူး...။

ဒေါင်းပျိုမေ ခေါင်းကိုမော့
စိတ်အားဘယ်မလျှော့တယ်
နှောလေပြေတွန်သံချိုဖို့ 
ကြိုကြစို့ အထူး.......။    ။