poems
Thursday, September 4, 2014
”ချောင်းကြည့်ပေါက်”
”ချောင်းကြည့်ပေါက်”
ကန့်သတ်ချက်ရှိတယ်ဆိုပေမယ့်
တိကျရှင်းလင်းတဲ့မြင်ကွင်းရှိတယ်
ပြောပလောက်အောင်မကျယ်လည်း
ဒီအထဲကနေတဆင့်
သင့်တင့်တဲ့အဖြေရနိုင်တယ်…
သေးငယ်တယ်လို့ ဆိုဦးမလား…။ ။
10:55 – pm 20
th
Aug 2014
Wednesday, August 20, 2014
”နှင်းစက်သမိုင်း”
”
နှင်းစက်သမိုင်း
”
ကိုင်းဖျားကနှင်းစက်
လေပြည်ရယ်သူနှိပ်စက်တော့
ကြွေရော့ပေါ့တစ်ရာသီ…။
ငှက်ပလီတွန်ကျူး
ခမျာအလွန်မြူးတာကြောင့်လည်း
စိုးနှောင့်ပါသည်…။
နွေဦးကမှုန်ရီရီ
ထုံးစံဖွဲ့တော့မမှီသေး…။
နှင်းငွေရည်သူအေးမြ
ဘဝရဲ့တခဏတာအလှ
နေခြည်ဖြာလေပြည်သာတိုင်း
ပင်ကိုင်းကိုနှုတ်ဆက်
သူ့အသက်ကိုစတေး…
သြော်…သူ့အသက်ကိုစတေး…။ ။
Tuesday, July 1, 2014
"တရုပ်စကားပန်း (သို့မဟုတ် ) အကြွေပန်း၏တန်ဖိုး"
"တရုပ်စကားပန်း (သို့မဟုတ် ) အကြွေပန်း၏တန်ဖိုး"
ပွင့်ဖတ်ရယ်ထူ
ုဖြူလို့သာဖွေး ။
အလယ်မှာရွှေရောင်ပြေးတော့
ချစ်စဖွယ်လေး ။
မွှေးရနံ့ လှိုင်အီအီ
ရှစ်ရပ်ဆီပြန့်သင်း ။
လေအဝှေ့မှာဖြင့်
နွေနေ့ကိုသူအံတု ပေ မယ့်
ပင်ခြေမှာဆင်လေသလားကွယ်တို့
စကားနွယ်သူ့အဆင်းကို
ဖြန့်လို့သာခင်း ။ ။
“ပြောင်းလဲလာသောရွာကလေး”
“ပြောင်းလဲလာသောရွာကလေး”
- ဒုံးဒုံးဒိုင်းဒိုင်း အသံမြည်
အုတ်အုတ်ကျက်ကျက် တအားစည်
ရွာလမ်းထိပ်က ထော်လာဂျီ …။
- ငညိုငနီ ဟဲ့သံများ
ခေါင်းပေါင်းကြီးနဲ့လှည်းသမား
ခုများမှာတော့ ရှာမှရှား …။
- တောင်ဖျားမြောက်ဖျား သွားစရာ
ခရီးတိုရှည်လွယ်ကူစွာ
ဆိုင်ကယ်စီးတဲ့ အရီးပါ … ။
- ကိုရင်တာတို့ ညနေခင်း
ကာရာအိုကေ ဆိုသီချင်း
တီဗွီရှေ့ တော့ ပျိုတစ်သင်း
တို့ ရွာလေးရဲ့ပြောင်းလဲခြင်း … ။ ။
"ရွှေမိုးသာရွာပါတော့…."
"ရွှေမိုးသာရွာပါတော့…."
ရှစ်ရပ်ကယ်ညို
ပြိုမှာလေလား…။
ပုလဲလိုရွှဲတမျှ
ရွာကျစေသား…။
တို့ပြည်သာမွေအနှစ်
ရွှေဖြစ်တော့ဒီတစ်ခါ။
ကောက်ပင်တွေမြရည်လိမ်း
ယိမ်းနွဲ့ ဘယ်ညာ။
တစ်တောလုံးခက်ဝေဖြာ
တစ်ရွာလုံးရွက်တွေစိမ်း…။
ရွှေမိုးသာရွာပါလိမ့်
ဂျိုးဂျိန့် ဂျိန့် ခြိမ်း…။
Tuesday, June 17, 2014
“ပန်းလည်ဆွဲ”
“ပန်းလည်ဆွဲ”
May 23, 2014 at 11:07pm
Public
Friends
Friends except Acquaintances
Only Me
Custom
Close Friends
Gitameit Music Center
See all lists...
Yangon, Burma Area
Gitameit Community Outreach Program
B.E.H.S<1>Mogok
BEHS 1 mogok
Mandalay University
Family
Acquaintances
Go Back
ပန်းကြွေတွေမြေမှာကောက်
ပန်းခြောက်တွေတစစီ
အလှသီလည်မှာဆွဲ
သူသာအမြဲဆင်နိုင်စေ…။ ။
25
th
April 2014 ( ဆဒုံး ရေတံခွန် )
“ဧရာ ကမ်းမှ အလွမ်းစာ”
“ဧရာ ကမ်းမှ အလွမ်းစာ”
မြစ်နှစ်လီ ချစ်ကြည်မှ
ဖြစ်တည်ရ ဒီ ဧရာ ။
ချစ်မေတ္တာ ရေစင်ဖျန်း
လန်းရပေတာ ။
ကျည်တွေကမိုးလိုဖြာ
ရွာတွေမှာ ပြာတွေဖြစ် ။
မျက်ရည်တွေဖြိုင်ဖြိုင်သွန်း
သောင်ထွန်းတဲ့ မြစ် … ။ ။
ညနေ ( ၆ )နာရီ 18
th
April 2014 နောင်နန်းရွာ - ဧရာဝတီမြစ်ဘေး- မြစ်ကြီးနားမြို့
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)