Saturday, November 23, 2013

" ညရဲ့ လ"


" ညရဲ့ လ"

လရောင်...
ညအမှောင်ကိုအံတု
အေးမြမှုနဲ့ ကျက်သရေ
တင့်တယ်စေတဲ့ သု့ သဘော...။

လင်းအရုဏ်နေအထွက်
တောက်ပတဲ့နေ့ ရက်ဆီ
ဦးတည်နေရပေမယ့်
လထွက်တဲ့ညဖက်ကို
ပိုလို့ နှမြော...။ ။
ထွန်းထွန်း (ဂီတမိတ်)
30th Oct 2013 ( 12:00 pm) Bangkok

"သုံးသပ်ချက်"

"သုံးသပ်ချက်"

နေ့ စဉ်နဲ့ အမျှ
တွေ့ မြင်ခဲ့ရ
တဒင်္ဂဘ၀တွေ..
ဘာများထူးခြားနေသလဲ...။
ရှင်သန်ဖို့ ထက်
အမြင်မှန်ဖို့ ခက်
အသက်ထက်ဆုံး
ဒီလိုနဲ့ တော့ အရှုံးမခံချင်...။
ဘ၀တဏှာနဲ့ 
ဝိဘ၀တဏှာ
စွဲမိစွဲရာ
ဘယ်အခါဆုံးပါလိမ့် ...။
သိလည်းမသိ
သိလည်းမသိချင်
သိအောင်လည်းမကြိုးစား
အင်း...နှုတ်ဖျားကတော့တဖွဖွ
အဟုုတ္တရားက်ေတာ့မွုဳန္ပ်ပ်
ထုတ်ကြွားချက်ကလွန်အားရ....။ ။
ထွန်းထွန်း(ဂီတမိတ်)
3rd Oct 2013 ( 10:47 pm)

Tuesday, November 12, 2013


"ဒေါင်းပျိုမေ"

November 12, 2013 at 2:16am
နှင်းဆီနီပန်တစ်ပွင့်နဲ့ 
အလံလွှင့်ကမ္ဘာကျယ်၊။

သူ့ မူဟန်တမူခြား
ဝင့်ကြွားပေတယ်...။

ပွင့်ဖတ်သာနွမ်းကြွေမယ်
ပန်းလေတယ်ရှိဘူး...။

ဒေါင်းပျိုမေ ခေါင်းကိုမော့
စိတ်အားဘယ်မလျှော့တယ်
နှောလေပြေတွန်သံချိုဖို့ 
ကြိုကြစို့ အထူး.......။    ။