Tuesday, June 17, 2014

“ပန်းလည်ဆွဲ”

“ပန်းလည်ဆွဲ”

May 23, 2014 at 11:07pm

ပန်းကြွေတွေမြေမှာကောက်
ပန်းခြောက်တွေတစစီ
အလှသီလည်မှာဆွဲ
သူသာအမြဲဆင်နိုင်စေ…။  ။
25th April 2014 (  ဆဒုံး ရေတံခွန် )

“ဧရာ ကမ်းမှ အလွမ်းစာ”


“ဧရာ ကမ်းမှ အလွမ်းစာ”
 
မြစ်နှစ်လီ ချစ်ကြည်မှ
ဖြစ်တည်ရ ဒီ ဧရာ ။
ချစ်မေတ္တာ ရေစင်ဖျန်း
လန်းရပေတာ ။
ကျည်တွေကမိုးလိုဖြာ
ရွာတွေမှာ ပြာတွေဖြစ် ။
မျက်ရည်တွေဖြိုင်ဖြိုင်သွန်း
သောင်ထွန်းတဲ့ မြစ် … ။   ။

ညနေ ( ၆ )နာရီ  18th April 2014  နောင်နန်းရွာ - ဧရာဝတီမြစ်ဘေး- မြစ်ကြီးနားမြို့

“အညာနွေ”



“အညာနွေ”

နွေဂိမာန်အတာကူး
လေရူးက တချိုချို။

ရေညိုညို နန္ဒာမန်း
လွမ်းမိသကို။

ယဉ်ကျေးတဲ့ ပြည်ဗဟို
စည်တိုသံ မြိုင်မြိုင်ကြား။

စိန်ပန်းပြာငုရွှေများမှာ
ပိတောက်ဝါရောက်မလာသေးခင်
ကြိုနှင့်နေသလား။  ။          
 ( Pu Tet  ပါပြီး) 

“မေတ္တာရွာ”


“မေတ္တာရွာ”

ဧရာကမ်းနဘေး
ရွာကလေးသာသာ။
လေပြည်မှာနေခြည်ဖျန်း
လွမ်းမောဖွယ်ရာ။
ရိုးသားကြသူတို့ မှာ
ချစ်မေတ္တာအပြည့် ။
မြင်ရာရာ ရင်မှာမချိဘဲ
သင်စရာပညာမသိလည်း
အကြင်နာတော့အတိ ။   ။    (  6:20 pm 18th April 2014 နောင်နန်းရွာ = မြစ်ကြီးနား )