Wednesday, September 11, 2013

"မိုးဥတုကြယ်စင်"

လျှပ်ရောင်ကျဲကျဲ
မိုးမည်းမည်းတွင်
အားအင်စိုက်ထုတ်
ဖွေးလှုပ်လှုပ်နှင့်
မိုးမြင့်ငွေကြယ်
အားနည်းတယ်လို့ 
တို့ မဆိုသာ...။

မိုးကိုတွန်းလှန်
တိမ်ကိုအံတု
မနုပြုသမျှ
သူ့ ဘ၀တွက်
တလက်လက်လင်း
တချင်းချင်းထိန်
တမှိန်မှိန်လည်း
သူ့ ဇွဲမလျှော့
တိမ်ညိုဖျော့လျှင်
ရုတ်ချည်းမြင်သည်
ကြယ်စင်သုစွမ်းနိုင်သမျှ...။   ။
             ထွန်းထွန်း(ဂီတမိတ်)
          ည... ၁၁း၀၅ နာရီ  9th Sep 2013

No comments:

Post a Comment