Tuesday, April 21, 2020

"ဆောင်းမနက်ခင်း"
နှင်းမကွဲခင်က
လင်းဆဲအရုဏ်မှုန်သလောက်ဟာဖြင့်
ကုန်ပျောက်မယ်ဘယ်မထင်။
ဆေးမှင်ရည် ပန်းချီရေးရင်ဖြင့်
တွေးထင်သည်အတည်ငေးစရာပ
အေးလိုက်မယ့်ဖြစ်အင်။
ချစ်စမ်းစေချင်
ညစ်နွမ်းကာလူမဖျက်ခင်က
တူယှက်ကာငှက်မောင်နှံတို့
သောင်ယံမှာ ဘာသာမြူးကြတယ်
ထူးတဲ့မြင်ကွင်း။
ရေစက်ရယ်ဆုံ
မသွေဖက်ပုံရဂုံတွင်းမှာလ
ကြုံလေတယ် ဘုံဘွေခင်းချက်ရယ်...ကွယ်
ဆောင်းမနက်ခင်း...။
ထွန်းထွန်း(ဂီတမိတ်)

No comments:

Post a Comment