မင်းကလည်း
ကိုယ့်ကိုနားလည်
ကိုယ်ကလည်း
မင်းကိုတွယ်တာ
မရေရာတဲ့ဘ၀မှာ
တစ်ခဏ
ဆုံမှတ်တစ်ခုက
အစပေါ့…
တကယ်တော့
ဒီဇာတ်လမ်း
အဆန်းမဟုတ်ပေမဲ့
လွမ်းဖို့တော့
မစဉ်းစားခဲ့မိဘူးလေ…
ဒီအခြေအနေရောက်မှ
ပျောက်ရှသွားမယ့်
အဖြစ်ကို
ဘယ်လိုမှ
လက်မခံ
လှည့်ပြန်ဖို့လည်း
မစဉ်းစား
မင်းသွားမယ့်လမ်း
စမ်းရေခမ်းခမ်း
ပန်းတွေနွမ်းနွမ်း
လှိုင်းကြမ်းလေထန်လည်း
ခံနိုင်ရည်အပြည့်နဲ့
နေ့သစ်ကို
ကြိုမယ်…
မင်းဆိုလည်းဒီလိုပဲဆုံးဖြတ်မယ်မဟုတ်လား…။ ။
No comments:
Post a Comment