Sunday, July 29, 2012

“အဖြည့်ခံ”


မင်းပျော်မယ်ဆို
မိုးတိမ်တွေလို ငိုကြွေး
ဥသြလေးလို ဆွေးရလည်း
(ကိုယ်) ရဲရဲ တန့်ရပ်ပြီး
အကျေနပ်ကြီး ကျေနပ်နိုင်ပါတယ်….။
ဘ၀ ဆိုတာ တစ်ခန်းရပ်
အလွမ်းဇာတ်လည်း ဖြစ်နိုင်တာမို့
ကိုယ့်အတွက်တော့ မပူပါနဲ့
သူသာလှည့်မကြည့်ဘဲ
လောကထဲ ခေါင်းမော့
ကြော့ကြော့လေးနေပါကွယ်…။
ဂျင်းစိမ်းနဲ့ မိသာလင်လို
သူကြင်မှ ကိုယ်ကြင်ရယ်လို့
ကိုယ်တို့ ကြားမှာ သဘောမထား
ပျော်မယ်ထင် မင်းသွားပေါ့
သတိတော့ထားပါကွယ်
မင်းမျက်နှာ ငယ်မှာစိုး
အို  ..  မိုးနတ်မယ်….။    ။

ထွန်းထွန်း(ဂီတမိတ်)

No comments:

Post a Comment