Monday, March 25, 2013

တပေါင်းပွဲတော်သို့ အလွမ်း



တပေါင်းပွဲတော်သို့ အလွမ်း

လတပေါင်းမို့
ခညောင်းညီလာ
အေးရိပ်သာ
နွေစရိုက်လှစ်
သာသည့်ခေတ်တွင်
ပြုံးရွှင်ဆင်မြန်း
လှကြစမ်းဗျ
သောင်းသောင်းဖျလျှင်
စည်ပင်ညွှတ်ကျ
ပရွက်ဝသို့
ဖူးစို့ဘုရား
သွားစို့ဈေးဝယ်
ဓလေ့ငယ်နွှဲ
ဘုရားပွဲတဲ့
အားခဲခဲ့ရ
ငယ်ဘ၀ကို
အောက်မေ့ပိုသည်
ဝေးနယ်ဆီမှ အလွမ်းတေး…။ 

No comments:

Post a Comment