Monday, March 25, 2013

အတာဦး



အတာဦး

ပန်းပိတောက်တွေ ငုံရှာပေါ့
သင်္ကြန်လေညှင်းနှော့…။
တစ်ကြော့ နှစ်ကြော့ တေးဆိုသီ
နှစ်သစ်ကူးလေပြီ။
နွေတေးသီတဲ့ ငှက်ဥသြ
လွမ်းသံဖြည့်စွက်နှော…။
သဘောပြည့်တဲ့ငုရွက်စို
အတာဦးကိုကြို…။
မုန့် လုံးကျို ဖို့ ထန်းလျက်တောင်း
ရေစိုစက်လက်လောင်း…။  

No comments:

Post a Comment