Tuesday, July 1, 2014

"ရွှေမိုးသာရွာပါတော့…."

"ရွှေမိုးသာရွာပါတော့…."


ရှစ်ရပ်ကယ်ညို
ပြိုမှာလေလား…။
ပုလဲလိုရွှဲတမျှ
ရွာကျစေသား…။
တို့ပြည်သာမွေအနှစ်
ရွှေဖြစ်တော့ဒီတစ်ခါ။
ကောက်ပင်တွေမြရည်လိမ်း
ယိမ်းနွဲ့ ဘယ်ညာ။
တစ်တောလုံးခက်ဝေဖြာ
တစ်ရွာလုံးရွက်တွေစိမ်း…။
ရွှေမိုးသာရွာပါလိမ့်
ဂျိုးဂျိန့် ဂျိန့် ခြိမ်း…။

No comments:

Post a Comment