Tuesday, July 1, 2014

“ပြောင်းလဲလာသောရွာကလေး”

“ပြောင်းလဲလာသောရွာကလေး”

-       ဒုံးဒုံးဒိုင်းဒိုင်း အသံမြည်
        အုတ်အုတ်ကျက်ကျက် တအားစည်
        ရွာလမ်းထိပ်က ထော်လာဂျီ …။
-       ငညိုငနီ ဟဲ့သံများ
        ခေါင်းပေါင်းကြီးနဲ့လှည်းသမား
        ခုများမှာတော့ ရှာမှရှား …။
-       တောင်ဖျားမြောက်ဖျား သွားစရာ
        ခရီးတိုရှည်လွယ်ကူစွာ
        ဆိုင်ကယ်စီးတဲ့ အရီးပါ … ။
-       ကိုရင်တာတို့ ညနေခင်း
        ကာရာအိုကေ ဆိုသီချင်း
        တီဗွီရှေ့ တော့ ပျိုတစ်သင်း
        တို့ ရွာလေးရဲ့ပြောင်းလဲခြင်း … ။   ။

No comments:

Post a Comment