Monday, June 5, 2017

နှင်းစက်သမိုင်း

”နှင်းစက်သမိုင်း”

ကိုင်းဖျားကနှင်းစက်
လေပြည်ရယ်သူနှိပ်စက်တော့
ကြွေရော့ပေါ့တစ်ရာသီ…။

ငှက်ပလီတွန်ကျူး
ခမျာအလွန်မြူးတာကြောင့်လည်း
စိုးနှောင့်ပါသည်…။

နွေဦးကမှုန်ရီရီ
ထုံးစံဖွဲ့တော့မမှီသေး…။

နှင်းငွေရည်သူအေးမြ
ဘဝရဲ့တခဏတာအလှ
နေခြည်ဖြာလေပြည်သာတိုင်း
ပင်ကိုင်းကိုနှုတ်ဆက်
သူ့အသက်ကိုစတေး…
သြော်…သူ့အသက်ကိုစတေး…။   ။
ထွန်းထွန်း(ဂီတမိတ်)

No comments:

Post a Comment