Wednesday, July 19, 2017

အာဇာနည်နေ့ အတွေးများ

"အာဇာနည်နေ့အတွေးများ"

အဲဒီနေ့မှာ မိုးတွေရွာ
ပြည်သူ့မျက်ရည်ဖြာခဲ့တယ်။
သေနတ်ကျည်သံဗြောင်းဗြောင်းညံ
ယမ်းခိုးနံ့မှန် ဝေခဲ့တယ်။
အာဇာနည်ပေါင်း ဘဝကြောင်း
တိုင်းပြည်ကြမ္မာပြောင်းခဲ့တယ်။
ခေတ်အဆက်ဆက်အမေ့ခက်
ဒီနေ့ရက်ကိုအောက်မေ့ဖွယ်။
ငါတို့ခေတ်ဝယ် အရေးကြွယ်
ဆင်ခြင်ရှေးရှု သတိပြုမယ်။
ထွန်းထွန်း (ဂီတမိတ်)

No comments:

Post a Comment