Sunday, July 29, 2012

“အဖြည့်ခံ”


မင်းပျော်မယ်ဆို
မိုးတိမ်တွေလို ငိုကြွေး
ဥသြလေးလို ဆွေးရလည်း
(ကိုယ်) ရဲရဲ တန့်ရပ်ပြီး
အကျေနပ်ကြီး ကျေနပ်နိုင်ပါတယ်….။
ဘ၀ ဆိုတာ တစ်ခန်းရပ်
အလွမ်းဇာတ်လည်း ဖြစ်နိုင်တာမို့
ကိုယ့်အတွက်တော့ မပူပါနဲ့
သူသာလှည့်မကြည့်ဘဲ
လောကထဲ ခေါင်းမော့
ကြော့ကြော့လေးနေပါကွယ်…။
ဂျင်းစိမ်းနဲ့ မိသာလင်လို
သူကြင်မှ ကိုယ်ကြင်ရယ်လို့
ကိုယ်တို့ ကြားမှာ သဘောမထား
ပျော်မယ်ထင် မင်းသွားပေါ့
သတိတော့ထားပါကွယ်
မင်းမျက်နှာ ငယ်မှာစိုး
အို  ..  မိုးနတ်မယ်….။    ။

ထွန်းထွန်း(ဂီတမိတ်)

Thursday, July 26, 2012

မုန်တိုင်းငှက်၏မျှော်လင့်ချက်

လေဟုန်ကိုဆန်တဲ့ငှက်
မုန်တိုင်းတစ်ချက်အဝှေ့မှာ..၊၊

ဆတ်ဆတ်ခါနာကျင်ပေမယ့်
အတောင်တွေကိုအားမာန်ဖြည့်..၊၊

သွားရမယ့်လမ်းကြောင်းထဲ
ဘယ်လိုအခက်အခဲတွေ့တွေ့
ရှေ့တိုးနိုင်သရွေ့တော့
မျှော်လင့်ချက်အပြည့်.....၊၊   ၊၊


ထွန်းထွန်း(ဂီတမိတ်)

Wednesday, July 25, 2012

ခွန်အားဖြည့်

လေတိုက်တိုင်းသာ           
ကြွေရပါလျှင်
သစ်ပင်ခက်စည်
အရွက်ညီညာ
ဘယ်မှာကျန်နိုင်တော့အံ့နည်း...။

ရေ၌လှိုင်းဖြာ
ကြောက်နေပါလျှင်
ခရီးပင်လယ်
လမ်းကြောင်းသွယ်ဖို့
လူတို့ဘယ်မှာစွမ်းအံ့နည်း...၊၊

ခြွေလိုက်တိုင်းမှာ
ကြေကွဲစွာပင်
ဝမ်းနည်းရင်လှိုက်
ငိုရှိုက်ရမူ
ဘယ်သူမျက်ရည် ကျန်အံ့နည်း...၊၊

ထွန်းထွန်း(ဂီတမိတ်)

Monday, July 23, 2012

အထီးကျန်

အထီးကျန်..တဲ့
အကျည်းတန်တဲ့စကားလုံး
တခါတလေပြုံးမိပေမယ့်
တခါတလေတော့လည်း မုန်းမိတယ်...။

ဒါပေမယ့်...အနှောင်အဖွဲ့ ကင်း
ကိုယ့်ခြေထောက်ပေါ်ရဲရဲတင်းတင်းရပ်
သံယောဇဉ်ကိုအထွေအထူးဖြတ်စရာမလို...
သြော်...ဒီလိုတော့လည်း ကောင်းသား ကလား....။

ထွန်းထွန်း(ဂီတမိတ်)

Saturday, July 21, 2012

မပိုင်သည့်ပန်း

မပိုင်သည့်ပန်း
လှမ်းမိမှတော့
လွမ်းမယ်ဆိုလည်းရဲရဲပေါ့.........

Friday, July 20, 2012

"ဆူးတစ်ချောင်းဧ။်ဒိုင်ယာရီ"

ရင်ထဲကဆူး
ဘယ်အချိန်ကများစူးသွားလဲ...

ရဲရဲလည်းမနှုတ်နိုင်
ပိုင်ဆိုင်ထား ဖို.လည်းမဖြစ်...

ဒီလိုနဲ့နှစ်တွေကြာ
မခံသာဒဏ်ရာချက်ကို
(ကိုယ်) ဘယ်လိုများကုစားရမလဲကွယ်....