Wednesday, July 25, 2012

ခွန်အားဖြည့်

လေတိုက်တိုင်းသာ           
ကြွေရပါလျှင်
သစ်ပင်ခက်စည်
အရွက်ညီညာ
ဘယ်မှာကျန်နိုင်တော့အံ့နည်း...။

ရေ၌လှိုင်းဖြာ
ကြောက်နေပါလျှင်
ခရီးပင်လယ်
လမ်းကြောင်းသွယ်ဖို့
လူတို့ဘယ်မှာစွမ်းအံ့နည်း...၊၊

ခြွေလိုက်တိုင်းမှာ
ကြေကွဲစွာပင်
ဝမ်းနည်းရင်လှိုက်
ငိုရှိုက်ရမူ
ဘယ်သူမျက်ရည် ကျန်အံ့နည်း...၊၊

ထွန်းထွန်း(ဂီတမိတ်)

No comments:

Post a Comment