Monday, July 23, 2012

အထီးကျန်

အထီးကျန်..တဲ့
အကျည်းတန်တဲ့စကားလုံး
တခါတလေပြုံးမိပေမယ့်
တခါတလေတော့လည်း မုန်းမိတယ်...။

ဒါပေမယ့်...အနှောင်အဖွဲ့ ကင်း
ကိုယ့်ခြေထောက်ပေါ်ရဲရဲတင်းတင်းရပ်
သံယောဇဉ်ကိုအထွေအထူးဖြတ်စရာမလို...
သြော်...ဒီလိုတော့လည်း ကောင်းသား ကလား....။

ထွန်းထွန်း(ဂီတမိတ်)

No comments:

Post a Comment