Wednesday, July 19, 2017

ချယ်ရီဆုတောင်း

"ချယ်ရီဆုတောင်း"
အေးချမ်းလှတဲ့ တောင်ပေါ်ပေ
တောင်ကြီး ကလော အောင်ပန်းမြေ
ထင်းရှူးရနံ့ သင်းပျံ့နေ။

ချယ်ရီတွေရယ်ဝေပါစ
မြူနဲ့ နှင်းနဲ့ တောင်ခိုးကြွ
ညှို့ညှို့မှိုင်းတဲ့သူ့အလှ။

ပေါင်းစုမျှတအေးအတူ
ဓနု ပအို့ ရှမ်းတောင်သူ
ပလောင် အင်းသားနဲ့ လားဟူ။

သွေးချင်းဟူသမျှညီစေကြောင်း
အားသစ်မာန်သစ်သွေးသစ်လောင်း
ချယ်ရီ ဆုတောင်းပြည့်စေကြောင်း။








No comments:

Post a Comment