Wednesday, July 19, 2017

တကူကူးတေးသံ

''တကူကူးတေးသံ''
တကူကူးကူး ကူးကူးကူး
ငြိမ်းချမ်းခြင်းရဲ့နိမိတ်ထူး။
ကြည်နှူးချိုသာ တွန်သံဖြာ
ပင်ကိုင်းထက်က ချိုးငှက်ပါ။
နွေနေပူမှာ ဆာယာတေး
တို့ပြည်သာဖို့ ရင့်ကျူးပေး။
သွေးသားရင်းနော် တို့ပြည်ပေါ်
ဝိုင်းဝန်းညှိနှိုင်းအဖြေဖော်။
ချိုးငှက်ခေါ်တဲ့ ကောင်းကင်လမ်း
မောင်တို့မယ်တို့လျှောက်ကြစမ်း ...
တကူ ကူးကူး တေးသံဆန်း။




No comments:

Post a Comment