Tuesday, February 10, 2015

”ငြိမ်းချမ်းသာယာတို့ကမ္ဘာ”


”ငြိမ်းချမ်းသာယာတို့ကမ္ဘာ” FOR SEP 2014
နေမင်းကြီးကို ဘယ်သူပိုင်
သူပိုင် ကိုယ်ပိုင် အားလုံးပိုင်…
ကျေးငှက်တွေလည်းပိုင် … ။
အလှထိုင်ကာ ကြည့်လိုက်စမ်း
အမှောင်တစ်ခြမ်း လင်းတစ်ခြမ်း
တို့အားလုံးရဲ့ သော်တာစန်း…။
လက်တွေကမ်းစို့ တို့ တတွေ
မခွဲခြားဘဲ တူတူနေ
ကမ္ဘာသူ ကမ္ဘာသားချင်းချင်းပေ…။
ချစ်မေတ္တာတွေ ပေးဝေလို့
သာယာပျော်ရွှင်ငြိမ်းချမ်းဖို့
စောင့်ရှောက်ကူညီကြပါစို့…။   ။

No comments:

Post a Comment