Sunday, February 15, 2015

” မှန်ထဲက ငါ”


” မှန်ထဲက ငါ”

တစ်ခန်းဖြတ်ဖို့
နန်းရပ်ပဲ ပြန်သလိုလို
တကယ်ဆို အလွမ်းဇာတ်မှန်းလည်းအသိ…။

သူများကိုညာသလိုလိုနဲ့
ကိုယ့်ကိုယ်ကိုပြန်ညာ
သံသရာဆုံးဖို့မရှိ။

ဒီလိုနဲ့ မိုးကြီးချုပ်
ကြိုးရှုပ်နေတဲ့ ရုပ်သေးရုပ်လို
စင်မြင့်ကိုသာကျောခိုင်း
ရာဇဝင်ရိုင်းလိုက်ကြ
ဇာတ်သိမ်းသီချင်းသံကြားတော့မှ
ဟို ပ သ … ဒီ ပ သ
မျက်ရည်လေးစ စ
(ဒါပေမယ့်) … ဇာတ်က ဘယ်လိုမှပြန်စ လို့မရ..။   ။

No comments:

Post a Comment