Tuesday, February 10, 2015

”သာဓုခေါ်ပါ ”


”သာဓုခေါ်ပါ ”

ခေါင်းလောင်းသံက ဒေါင်ဒေါင်းဒင်
စေတီဦးက ကုသိုလ် ရှင်…။
ဆက်ကပ်တင်လှူ ဆွမ်းရေချမ်း
နံ့သာတိုင်နဲ့ ဆီမီးပန်း ။
စောင်းတန်းကြီး နဲ့ ရင်ပြင်ကျယ်
တံမြက်စည်းလှည်းလို့ သန့်ရှင်းတယ်။
အသွယ်သွယ်သော ကုသိုလ် အဖို့
အမျှ အတန်းဝေကြစို့
သာဓုခေါ်လိုက်ကြပါဗျို့  …။   ။

No comments:

Post a Comment