Monday, February 9, 2015

လွမ်းသူ့ ရင်တွင်း


လွမ်းသူ့ ရင်တွင်း
*နားထောင်နေတယ်လေ…
 ကိုယ်ကြားသရွေ့ပေါ့….
 အာရုံတွေဖြန့်ကျက်ပြီး
 မင်းအရိပ်တွေကို ခံစားနေမိတော့…။
*နံဘေးမှာ မင်းမရှိတော့ဘူးလို့
 သိလိုက်တဲ့ အဲဒီနေ့…
 ခုထိကို လက်မခံချင်သေးဘူး
 မေ့ လည်းမမေ့…။
*ဒီလိုနေ့တွေကို
  ကြိုးစားပြီး ရင်ဆိုင်ပါမယ်…
 ဒါပေမယ့်…
 မင်းကိုယ့်ဆီပြန်လာမယ်လို့တော့
 ကတိပေးသင့်တယ်…။   ။
ထွန်းထွန်း(ဂီတမိတ်)

No comments:

Post a Comment