Monday, February 9, 2015

”ပန်းတိုင်းပွင့်စေ မြန်မာပြည်….”


”ပန်းတိုင်းပွင့်စေ  မြန်မာပြည်….”
ခါကာဘို က သစ်ခွတွေ
အခေါင်အဖျာ။စံမြန်းနေ…။
ချယ်ရီတွေက နှင်းဆွတ်ဖျန်း
ဆောင်းလေအေးတဲ့ ရှမ်းတောင်တန်း..။
သင်းရနံ့ ကတလှိုင် လှိုင်
ရခိုင် သဇင် တမြိုင် မြိုင်…။
နတ်မတောင်လုံး ခိုင်တံ ဝင့်
တောင်ဇလပ် နီ ရဲရဲ ပွင့်…။
တန်ခူးလေနဲ့ တင့်တဲ့သူ
ပိတောက်ရွှေဝါ တံခွန်ထူ…။
ချစ်ကြည့်ဖြူတဲ့ မြန်ပြည်ကြီး
ပန်းတိုင်းပွင့် တော့ ရှုမငြီး…။   ။
၁၉ - ဇန်နဝါရီ ၂၀၁၅    ( used in )Putet  

No comments:

Post a Comment