Thursday, September 15, 2016

"ခရေသတင်း"

အပင်မှာမဝေ ... ။
ကြွေကျမြေခ
အခြေမလှပေမယ့်
ပူပါနဲ့လေ
သူက ... ခရေ ... ။
ဝေနေစဉ်လည်း သန့်သန့်ရှင်း
ကြွေလေရင်လည်း ပျံ့ပျံ့သင်း ... ။
ရလာတဲ့ဘဝအတွင်း
ပတ်ဝန်းကျင်ကိုအလှဆင်
နန်းထိုက်ချင်သူလည်းမဟုတ်
အနေကုတ်တဲ့ ခရေသတင်း
ဒါဟာ...ရွှေထုပ်တဲ့ အရည်အချင်း ... ။  ။
11th Jun2015 11pm


No comments:

Post a Comment