Thursday, September 15, 2016

*ဘေးအန္တရာယ် ပေါများကြွယ်သည့်
ဤလူ့ဘဝ  တခဏဝယ်
လူရယ်ချင်းချင်း  ရိုင်းပင်းကြလျက်
ဆင်းရဲချမ်းသာ  မခွဲခွာတတ်
မွန်မြတ်စိတ်ထား တည်စေသား။

*အသိပညာ  နည်းပါးရှာသော
စိတ်ချော ရိုးသား  နုငြားသွယ်နုပ်
ဇနပုဒ်ဝယ်  ပျိုလေးငယ်အား
မိကွယ် ဖကွာ တပါးရွာသို့
သနားညှာတာ မငဲ့ပါပဲ
အသပြာရူး  လူကုန်ကူးလို့
ညွှန့်ဖူးချိုးခြွေ  ပြုရက်လေသည်
များထွေပန်းတို့ ကြွေခဲ့၏။

*အပါယ်မကြောက်  လူထွက်လောက်တို့
သင်လည်းလူသား  သူလူသားတည်း
ဘယ်စည်းတားကာ  ဘာများကွာလို့
လူကုန်ကူးဖို့ ကြံကြသနည်း။

*ဤမြေမှာဖွား ဤမြေသားမို့
ကိုယ့်သား ကိုယ့်သွေး  စောင့်ရှောက်ပေးလျက်
အရေးတယူ  ဖေးမကူမည်
အခုသည်မှာ သည်နေရာတွင်
သင်တို့လုပ်ရပ်  အဆုံးသတ်လော့။

No comments:

Post a Comment