Thursday, September 15, 2016

"နိဝါတမင်္ဂလာ"

မာနတံခွန် ဂုဏ်မကြွလေနဲ့
ကြုံရမယ့်တရားတွေ။
မောက်မာကာရိုသေကင်း
သိမ်ဖျင်းပါပေ။
သာရိပုတ္တရမြတ်မထေရ်
မှတ်ယူလေဆိုစကား။
ကိုရင်ငယ်လျှောက်တင်ချက်ပင်
သက်ဝင်လေးစား။

စွယ်ကျိုး မြွေ ချိုကျိုးနွားသို့
မာန်သုံးပါးလျှော့စေပါ။
နူးညံ့စရာတကယ်မရှိပါက
အတိမာနသူစေရာ။
စည်းစိမ်နဲ့ရာထူးအာဏာ
ပညာမာန် လှရုပ်ဆင်း။
ဂုဏ်သတင်းတွေထုံသင်းဝေသလောက်
မြှောက်တတ်လေခြင်း။

အနေအထိုင်အချိုးကျ
အပြောအဆိုက ချိုသာ။
သိမ်မွေ့ကာလွန်ယဉ်ကျေး
လူမှုရေးရာ။
ဘဝအသိ အဖြာဖြာ
ဆင်ခြင်ပါမင်္ဂလာတစ်ပါး။
နှိမ့်ချကာလွန်ပျော့ပျောင်းမှ
နိဝါတ တရား။



  

No comments:

Post a Comment