Thursday, September 15, 2016

"ရောင်စုံနှင်းဆီ"

နှင်းဆီဆို အနီမှ
ကျွန်တော်ကကြိုက်တာ။
ရဲရင့်ကာ ဝင့်ကြွား
ထင်ရှားပေရာ။
သမီးအကြိုက်နှင်းဆီမှာ
သိမ်မွေ့စွာဖြူလွှ။
ရနံ့မှာ ကြူကြူမွှေး
ရင်အေးပေစွ။
ပန်းနုရောင်နှင်းဆီမှ
ပိုလှတယ်မေမေထင်။
နှင်းဆီတွင်အရောင်ကွဲ
များလှစုံလင်။
သူ့အဆင်းဘယ်လိုပင်
မတူပေသော်လည်း။
သူ့အနေနဲ့သူလှကြတယ်
နှင်းဆီတွေပဲ။






No comments:

Post a Comment