Thursday, September 15, 2016

"ပြုမြဲဂါရဝ ရိုသေကြ"

အသက်ဂုဏ်ဝါ
ကိုယ့်ထက်သာက
ခစားဆည်းကပ်
ရိုသေမြတ်နိုး
ကောင်းကျိုးသာစွ
ဂါရဝတည်း။

ရိုသေထိုက်သူ
ရိုသေမူကား
လူများချီးကျူး
အထူးချမ်းသာ
သက်ရှည်စွာမြဲ
အဆင်းလည်းလှ
ခွန်အားဗလတိုး
အမျိုးမြင့်မြတ်
လူနတ်ရိုသေ
ကျိုးထွေထွေတည်း။

ဆရာမိဘ
လမ်းပြညွှန်ကြား
ကြီးသူများနှင့်
ဂုဏ်ဝါမြင့်သူ
ကျေးဇူးဟူသမျှ
သတိရကာ
လေးစားစွာဖြင့်
ကျိုးကြောင်းသင့်တိုင်း
တုံ့မဆိုင်းဘဲ
ပြုမြဲဂါရဝ ရိုသေကြ။

No comments:

Post a Comment