Thursday, September 15, 2016

"သင်္ကြန်မေတ္တာ"

သင်္ကြန်တော်ဦး နှော့မြူးလေပြေ
ပိတောက်ရွှေရည်လူး အထူးတင့်နေ
ဂီတသီချင်း ဆိုတီးရင်းလေ
အတာကူး နှစ်ဦး အခါတော်ရေ။

နှစ်ဟောင်း ညစ်ကြေး ပြေပျောက်ပါစေ
စိတ်သစ် လူသစ် ခေတ်သစ်မှာနေ
မြန်ပြည်တစ်ဝှမ်း ရွှင်လန်းစွာလေ
ရေကြည်ဖျန်း ထုံမွမ်း မေတ္တာပေ။

No comments:

Post a Comment