Thursday, September 15, 2016

"ဘယ်ခါမခမ်း မေတ္တာစမ်း"

သူ၏ဝမ်းမှာ
လပေါင်းကြာအောင်
ပူစပ်ရှောင်ရှား
သမီးသားတွက်
နေ့ရက်များစွာ
ကျန်းမာစေကြောင်း
ဒုက္ခပေါင်းကို
မငြိုငြင်ဘဲ
အားမာန်ခဲကာ
မွေးသောခါတွင်
မျက်နှာမြင်က
ဝမ်းသာရပြီ
အမေဟူသည် မေတ္တာစမ်း။

ကလေးတစ်ယောက်
လူလားမြောက်ရေး
နို့ချိုကျွေးကာ
ဖျားနာမရှိ
ကောင်းစွာသိပြီး
ပူအေးဆီးတား
ညွှန်ကြားဆုံးမ
ဘဝလှအောင်
စွမ်းဆောင်ကြိုးပမ်း
မမောပန်းဘဲ
ရွှင်လန်းမြဲလေ
အမေဆိုသည့် မေတ္တာစမ်း။

အမေမွေးလို့
လူရေးလူရာ
ရောက်သည့်ခါမှ
မေ့လျော့ကြပေ
မေတ္တာတွေ။
အမေကျွေးလို့
ရွှင်အေးကျန်းမာ
ရှိသည့်ခါမှ
ပြောင်းတတ်ကြပေ
စိတ်ထားတွေ။

ဘယ်လိုဘဝ
ရောက်ကြရလည်း
အမြဲတစေ
တို့အမေတည်း....
ကံကြောင်းဆန်း၍
နိမ့်ကျနွမ်းလျော့
ဖျော့တော့ပါစေ
တို့အမေတည်း...

အမေ့မေတ္တာ
စမ်းပမာကား
ဘယ်ခါမပြောင်း
သိစေကြောင်းကို
ထပ်လောင်းနှိုးဆော်ရပါသတည်း။












No comments:

Post a Comment