Thursday, September 15, 2016

"မေ့မေ့သား"

သားလေးပန်းချီရေးတဲ့ခါ
ကမ္ဘာကြီးမှာ ဆေးရောင်ဖြာ။
သံစာစာနဲ့ တေးဆိုတော့
လောကခွင်လုံးပျော်ရွှင်ပေါ့။
တစ်ကြော့နှစ်ကြော့ ပြေးလွှားခုန်
ဘော်လုံးပိုက်လို့ ကစားစုံ။
နွေးထွေးလုံခြုံ အားအင်များ
ဘုရားရှေ့မှာ ကုသိုလ်ပွား။
ကျန်းမာပါစေ မေ့မေ့သား....
ချမ်းသာပါစေ မေ့မေ့သား... ။   ။

No comments:

Post a Comment