Thursday, September 15, 2016

"တို့ရွာ ကစားကွင်း"

ညနေခင်းမို့ မှုန်ရီရီ
မြေတလင်းမှာ ဆုံကြပြီ။
ပြေးခုန်စုံညီဆော့ကစား
တစ်ရွာလုံးက ကလေးများ။
လနတ်သားက အချစ်ပို
သူ့အလင်းနဲ့ထွေးပွေ့ကြို။
တေးတကြော်ကြော်သီဆိုလို့
ဒီတစ်ညတော့ နှုတ်ဆက်စို့
နောက်ညများမှာတွေ့ကြဖို့။    



No comments:

Post a Comment