Thursday, September 15, 2016



"သူ့သတင်း"
စုံမြိုင်တွင်းက ပန်းခင်းမှာ 
အလုပ်များတဲ့ရွှေလိပ်ပြာ။
ရစ်ကာဝဲကာပျံပါပေါ့
ကဟန်မြူးကာလေမှာဆော့။
အတောင်ညောင်းတော့နားရှာသည်
ရနံ့အီတဲ့ ပန်းတွေဆီ။
ဝတ်မှုန်သီတဲ့သူ့သတင်း
သယ်ဆောင်လေညင်းတသင်းသင်း။

No comments:

Post a Comment