Thursday, September 15, 2016

"မြန်မာ့အရေး ၂၀၁၅"

အဖေရေးခဲ့
သွေးစက်နဲ့ စာပင်
မခြောက်သွေ့ခင်မှာဘဲ
ချောက်ထဲကျခဲ့ရတဲ့ တို့တိုင်းပြည် ... ။
ပညာနည်း
ဥစ္စာမွဲ
အတွေးခေါ်တွေမရဲခဲ့လေတော့
ဤ ကို ကျွဲဖတ်ခဲ့ရပေသည် ... ။
ခုတော့ဖြင့်သိပြီ,
နောက်ဆုံးကျည်ဖြင့်ကျန်ပါသေး ... ။
အဖေ့သွေးရယ်မို့
ရှေ့ရေးကိုဇွဲမာန်သစ်ကာဖြင့်
ဒီတစ်ကြိမ်အမှန်ဖြစ်စေတော့
ဥာဏ်အမြင်စံတွင်ရစ်လေမယ့်
(အိုကွယ့်) တို့မြန်မာ့အရေး။





No comments:

Post a Comment