Thursday, September 15, 2016

"ရေ+လူ=မြစ်+ဘဝ"

မြစ်တစ်ခုကောင်းဖို့
ရေလိုတယ်...
ရေရှိမှ...မြစ်ရှိမယ်
ရေရမှ...မြစ်လှမယ်
ရေကြည်မှ...မြစ်စည်မယ်
ရေသန့်မှ...မြစ်ခန့်မယ်
ရေကောင်းပါမှ...မြစ်ကြောင်းသာမယ်
ရေစီးလျင်မှ...မြစ်ကြီးရှင်မယ်
ဘဝဆိုတာကွယ်...မြစ်ကြီးဆိုရင်
လူတွေက ရေပါပဲ...
လူတွေကောင်းဖို့လိုတယ်...
ရေတွေကောင်းဖို့လိုတယ်...
လူတွေမကောင်းရင်...
ရေတွေပျက်မယ်...
မြစ်တွေပျက်မယ်...
ပြီးတော့...
ဘဝတွေလည်းပျက်လိမ့်မယ်...။   ။

No comments:

Post a Comment